ဘောလုံး • 1 min read
သတင်း

စာချုပ်သစ်ဆွေးနွေးမှု ရပ်ဆိုင်းထားဟု ဖာနန်ဒက်စ် အတည်ပြု

One News

Nov 23, 2026

စာချုပ်သစ်ဆွေးနွေးမှု ရပ်ဆိုင်းထားဟု ဖာနန်ဒက်စ် အတည်ပြု
0 Shares
3 Views

 

အခုချိန်မှာ အသင်းအတွက် နိုင်ပွဲတွေပြန်လည်ရရှိဖို့က အရေးအကြီးဆုံးဖြစ်နေပြီး စာချုပ်သစ်ကိစ္စကို ဆွေးနွေးဖို့ အချိန်ကောင်းမဟုတ်တဲ့အတွက် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားတယ်လို့ မန်ယူ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ပြောကြားလိုက်ပါတယ်။

သတင်းတွေအရ အခုရာသီအကုန်မှာ စာချုပ်ပြည့်တော့မယ့် ဖာနန်ဒက်စ်ဟာ မန်ယူအသင်းဘက်က ဒုတိယမြောက် ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့ သိရပါတယ်။ဖာနန်ဒက်စ်နဲ့ မန်ယူ အသင်းတို့ရဲ့ သဘောတူညီချက်ထဲမှာ ၁ နှစ်အလိုအလျောက် သက်တမ်းတိုးခွင့် ပါဝင်နေတာဖြစ်လို့ မန်ယူအသင်းအနေနဲ့ ဖာနန်ဒက်စ်ကို ၂၀၂၈ ခုနှစ်ဇွန်လအထိ ဆက်ထိန်းထား နိုင်ခွင့်လည်း ရှိနေတာ ဖြစ်ပါတယ်။

Sky Sport နဲ့ အင်တာဗျူးမှာ ဖာနန်ဒက်စ်က စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားကြောင်း အတည်ပြုခဲ့ပြီး အခုလို ရပ်ဆိုင်းထားရတာက ငွေကြေး(ဒါမှမဟုတ်) စာချုပ် သက်တမ်း စတဲ့အရာတွေနဲ့ ပတ်သက်ခြင်းမရှိဘူးလို့ ပြောသွားပါတယ်။ စာချုပ်သစ်မှာ လစာပိုတောင်းတယ်၊ စာချုပ်သစ်ရဲ့ သက်တမ်းကို ပိုတိုးပေးဖို့ သူ့ဘက်က တောင်းဆိုထားတယ်ဆိုတဲ့ အသံတွေကြားနေရပေမယ့် ဒါတွေက အမှန်မဟုတ်ပါဘူးလို့ ဖာနန်ဒက်စ်က ဖြေရှင်းသွားခဲ့ပြီး အခုချိန်မှာ အသင်းနဲ့အတူ နိုင်ပွဲတွေပြန်ရဖို့က အရေးအကြီးဆုံးဖြစ်တယ်လို့ ပြောသွားပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘောလုံး
သတင်း

ပီအက်စ်ဂျီကစားသမား ဒူရေး ပြင်းထန်သည့် ဒူးဒဏ်ရာရရှိ

One News

Nov 22, 2026 6

စနေညက နိုက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်အမှတ်ပေးပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဒူရေးဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာကို ရရှိခဲ့ပြီးနောက် ကွင်းအတွင်းကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပါတယ်။